အိမာမ်ရှင်များအတွက်လက်ဆောင်

0

(၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊ တမန်တော်မြတ် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်း ယုံကြည်သက်သေခံခြင်း။

(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။

(၃) ဇကားသ်ပေးလှူခြင်း။

(၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။

(၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။

အစ္စလာမ်၏ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စလင်တစ်ဦးသည် တမန်တော်မြတ် ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။ စားဝတ်နေရေးအတွက်လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများအား ဇကားသ် ပေးလှူရသည်။ တစ်နှစ်တွင် တစ်လ ဆွီယာမ်ဥပုသ်ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင်လျှင် တစ်သက် တစ်ခါမက္ကာမြို့တော်သို့ သွားရောက်၍ ဟဂ်ျပြုရသည်။ ဤသည်ကား အစ္စလာမ်၏ အခြေခံယုံကြည်ချက်များနှင့်ကျင့်စဉ်များဖြစ်ပေသည်။
Show Comments: OR

Post a Comment

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်!

ဤ MMYO ကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ !

 
Top