အိမာမ်ရှင်များအတွက်လက်ဆောင်

0

အဗူလဟဗ်ရဲ့သမိုင်းကြောင်း🚩
အဗူလဟဗ်က မက္ကာမြို့ရဲ့ မျက်နှာဖုံး သူရဲ့ချမ်းသာကြွယ်ဝမှု့ကို ကြည့်မယ်ဆိုရင် သူ့ရဲ့ကုန်ပစ္စည်းတွေကို ဆီးရီးယားကနေတိုက်တယ် ပထမဦးဆုံး ကုလားအုပ်က မက္ကာမြို့ဝင်ပြီဆိုရင် နောက်ဆုံး ကုလားအုပ်က ဆီးရီးယားမြို့ပြင်မှာဘဲရှိသေးတယ် အဗူလဟဗ်ဟာ အဲ့ဒီလောက်ချမ်းသာတယ် သူ့ ရဲ့အာဏာကို ကြည့်မယ်ဆိုရင်လည်း သူ့ ရဲ့စကားတစ်ခွန်းက အမိန့် ဘဲ ဘယ်သူမှမငြင်းရဲကြဘူး သူ့ရဲ့ချောမောလှပမှု့ကို ကြည့်မယ်ဆိုရင်
သူလာပြီဆိုတာနဲ့မက္ကာမြို့မှာရှိတဲ့ မိန်းကလေးတွေအားလုံး ထွက်ကြည့်ကြတယ် အများစု မိန်းကလေးက ဘာပြောလဲဆိုတော့ အဗူလဟဗ်နဲ့ တစ်ရက်လောက် နေကာဟ်ပြုရ ရင် သေပျော်ပါပြီတဲ့ အဗူလဟဗ်မှာ အလွန်ဘဲချောမောလှပပြီး ညဏ်ပညာမှာလည်း ထက်မြတ်တဲ့ ယဉ်ကျေးလိမ္မာတဲ့ စိုဝိုက်ဘာ ဆိုတဲ့ ကျွန်မလေး တစ်ယောက်ရှိတယ် ဒီကျွန်မလေးကို သူဌေး သူကြွယ်တွေက သူတို့ ရဲ့ပိုင်ဆိုင်မှု့တွေကိုပုံပြီးဝယ်တာတောင် အဗူလဟဗ်က မရောင်းခဲ့ပါဘူး ဒီကျွန်မလေးက သူ့ ရဲ့အသက်ဘဲ အဲ့ဒီအချိန်မှာ တမန်တော်မြတ်မွေးဖွားပြီဆိုတဲ့ သတင်းကို ကျွန်မလေးက အဗူလဟဗ်ကို လျှောက်တင်တယ် အဲ့ဒီအချိန်မှာ အဗူလဟဗ်က ကျွန်မလေးကို လက်ညိုးထိုးပြီး ဒီနေ့ ကစပြီး နင့်ကိုငါ သူကောင်း မြှောက်လိုက်ပြီလို့ ပြောလိုက်တယ် ဒီလိုနဲ့တမန်တော်ကြီးပြင်းလာတော့ အဗူလဟဗ်က တမန်တော်ကိုအမျိုးမျိုး ဒုက္ခပေးတယ် ဒီလိုနဲ့သူ့ ဘဝနိဂုံး ချုပ်သွားတယ် ကူးစက်ရောဂါ ဝေဒနာကိုခံစားပြီး သေဆုံးသွားတယ် သူသေဆုံးတော့ သူ့ နားကိုဘယ်သူမှ မကပ်ရဲကြဘူး သူသေမယ့် ကဗရ်ထဲကို အဝေးကနေ ဒုတ်နဲ့ထိုးပြီး ကဗရ်ထဲကိုထည့်ပြီး မြေမြုပ်လိုက်တယ် အလ္လာဟို့ အက်ဗလ် ပြောချင်တာကတော့ သူ့ ရဲ့ချမ်းသာမှု့တွေ သူ့ ရဲ့အာဏတွေ သူ့ ရဲ့ချောမောမှု့တွေ သူ့ ရဲ့မိသားစုတွေက နောက်ဆုံးမှာဘယ်သူမှမကယ်နိုင်ပါဘူး ဒါပေမဲ့ အလ္လာက သူကိုကဗရ်ထဲမှာ ဘယ်လိုဆက်ဆံလည်းဆိုတော့ တစ်ပတ်တာခံရသမျှ အဇားဗ်တွေကို တနလာင်္ နေ့ မှာ သူ့ ရဲ့လက်ညိုးက အရည်တစ်မျိုးထွက်တယ် အဲ့ဒီအရည်ကိုစုတ်လိုက်ရင် တစ်ပတ်တာ ခံသမျှ အဇားဗ်တွေ ပြေပျောက်သွားစေတယ် ဘာလို့ လဲဆိုတော့ အပေါ်မှာပြောခဲ့သလိုဘဲ တမန်တော်ချစ်ပြီး သူချစ်ရတဲ့ ကျွန်မလေးကို လက်ညိုးထိုးပြီး သူကောင်းမြှောက်လိုက်တာကို အလ္လာက နှစ်သက်ပြီး ဒီလို အခွင့်အရေးကို ချီးမြှင့်ခဲ့တယ် အဗူလဟဗ်ဆိုတာ တမန်တော်ရဲ့ဦးလေးတော်စပ်တာတောင် အလ္လာက အီမာန်ဆိုတဲ့ရတနာ မချီးမြှင့်ခဲ့ဘူး နောက်ပေါက်ဖွားလာမယ့် အွမ္မဒ်တွေ စံနမူနာ ရအောင်ပြသပေးခဲ့တယ်။
Show Comments: OR

Post a Comment

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်!

ဤ MMYO ကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ !

 
Top