====================================
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အားဆွ်
(ရဒွိယလ်လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)
အမိန့်ရှိတော်မူသည်။
ငါကိုယ်တော်မြတ်ရရှိသောရေကန်တော်၏အကျယ်
အဝန်းသည်တစ်လခရီးခန့်ရှိပေသည်။
၎င်းကန်တော်၏အနားနှစ်ဖက်သည်အညီအမျှရှိပေ
သည်။ဆိုလိုသည်မှာ၎င်းကန်တော်၏အရှည်နှင့်အ
ကျယ်သည်အညီအမျှရှိနေပေသည်။
၎င်းကန်တော်မှရေသည် ငွေ သတ္ထု ထက်သာပို၍ဖြူ
ဖွေးသည်။
၎င်း၏အမွှေးရနံ့သည်ကတိုးထက်ပင်သာပိုမွှေးကြိုင်
သည်။
၎င်းကန်တော်ရှိရေခွက်များမှာမိုးကောင်းကင်ရှိကြယ်တာရာများပမာမရေတွက်နိုင်လောက်အောင်များပြားလှပေသည်။
အကြင်သူသည်၎င်းကန်တော်မှရေကိုသောက်သုံးပြီးသောအခါ၌မည်သည့်အခါမျှရေငတ်မွတ်ခြင်း
ဝေဒနာကိုခံစားရလိမ့်မည်မဟုတ်ချေ။
(မွတ်စ်လင်မ်)
______________________________________________
ဟဇရသ် စမုရဟ်(ရဒွိယလ်လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)
အမိန့်ရှိတော်မူသည်။
နောင်အာခိရသ်လောက၌နဗီတမန်တော်တိုင်း
သည်ရေကန်တစ်ခုစီချီးမြှင့်ခြင်းခံကြရပေမည်။
၎င်းနဗီတိုင်းသည်မည်သူ့ရေကန်၌ရေသောက်သုံး
သူဦးရေပိုများကြောင်းတစ်ဦးအပေါ်တစ်ဦးဂုဏ်ယူ
ဝံ့ကြွားကြပေမည်။
ငါကိုယ်တော်မြတ်၏ရေကန်သို့ရေသောက်သုံးရန်
လာရောက်ကြသူလူဦးရေမှာအများဆုံးဖြစ်လိမ့်မည်
ဟု ယုံကြည်မျှော်လင့်မိပါသည်။
(သစ်ရ်မေဇီ)