အိမာမ်ရှင်များအတွက်လက်ဆောင်

0
ဖိရ်အောင်န် နှင့် အိဗ်လီစ် တွေ့ဆုံမှု
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
တစ်နေ့သောအခါ အိဗ်လီစ် သည် ဖိရ်အောင်န်ဘုရင်ထံရောက်ရှိလာ၏။
ထိုအခါဖိရ်အောင်န်ကအိဗ်လီစ်အားသလဲသီးဖြင့်ဧည့်ခံလေ၏။
အိဗ်လီစ်သည်ဖိရ်အောင်န်နှင့်စကားတပြောပြောဖြင့်ထိုသလဲသီးအားစားရင်းအစေ့များကိုတစ်နေရာတွင်စုပုံလေ၏။

ထို့နောက်ထွေရာလေးပါးစကားများပြောဆိုပြီးနောက်အိဗ်လီစ်သည်ဖိရ်အောင်န်အား
"အသင်ဧည့်ခံသည့်သလဲသီးအားကျွန်ုပ်စားပြီးကြွင်းကျန်အစေ့များကိုမူလအတိုင်းသလဲသီးဖြစ်အောင်ပြုလုပ်ပေးပါ" ဟုပြောဆိုလေ၏။
ဤတွင် ဖိရ်အောင်န် က........
အသင်ထပ်မံစားလိုပါကကျွန်ုပ်သလဲသီးအသစ်များအားကျွေးမွေးပါမည်။
သို့သော် ယင်းအစေ့များကိုသလဲသီးပြန်ဖြစ်အောင်မပြုလုပ်စေပါနှင့်.....ဟုပြောကြားလေ၏။
ထိုအခါ အိဗ်လီစ် က.....
ကျွန်ုပ်သည်မြေပြင်နှင့်တကွကောင်းကင်ဘုံအထပ်ထပ်တွင်နှစ်ပေါင်းများစွာအမလ်အိဗာဒသ်ပြုကျင့်ခဲ့၏။ဤသည်သာမကကောင်းကင်အထပ်ထပ်တွင်ဘွဲ့တော်အမျိုးမျိုးကိုရယူခဲ့သည့်အပြင်ဂျန္နသ်သုခဘုံတွင်နှစ်ပေါင်း ၄၀ ထိဂျန္နသ်၏ဘဏ္ဍာထိန်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့၏။
ထို့နောက်အရ်ရှ်ပလ္လင်တော်အားနှစ်ပေါင်း ၄၀
ထိသဝါးဖ်လှည့်တော်မူခဲ့၏။အရ်ရှ်ပလ္လင်တော်အားထမ်းထားကြကုန်သောကောင်းကင်တမန်တို့၏ခေါင်းဆောင်အဖြစ်နှစ်ပေါင်း ၃၀၀၀၀ထိ
တာဝန်ထမ်းဆောင်ခဲ့လေသည်။
ထိုမျှအတွေ့အကြုံများနှင့်အလ္လာဟ်အရှင်မြတ်၏နီးစပ်မှုများရထားပါလျက်နှင့်တစ်ဖန်ယခုဆိုလျှင်ကိယာမသ်နေ့တိုင်အောင်အသက်ရှင်ခွင့်ကိုလည်းရထားသူပင်ဖြစ်သည်။
သို့သော်....ကျွန်ုပ် သည်မည်သည့်အခါ၌မျှမိမိကိုယ်မိမိဖန်ဆင်းရှင် ခိုဒါ ဖြစ်သည်ဟုတစ်ကြိမ်တစ်ခါမျှကြေညာရန်မစဉ်းစားမိခဲ့ပါ။
အသင်သည်မည်သည့်အစွမ်းအစတစ်စုံတစ်ရာမျှမရှိဘဲမိမိကိုယ်မိမိအရှင်သခင်ဟုကြေငြာခဲ့သည်ကိုကျွန်ုပ်အလွန်ပင်ချီးကျူးအံ့သြ
မိလေသည်.......
ဟုပြောဆိုရင်းအိဗ်လီစ်သည်ဖိရ်အောင်န်အားထိုစားကြွင်းစားကျန်သလဲစေ့များဖြင့်ပစ်ပေါက်ရုံသာမကဖိရ်အောင်န်၏ခါးကိုမိမိခြေထောက်ဖြင့်ပစ်ကန်ကာထွက်သွားခဲ့လေသည်။
================================
ဂျင်န်များနှင့်အိဗ်လီစ်သမိုင်း စာအုပ်မှကူးယူဖော်ပြသည်။
Show Comments: OR

Post a Comment

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်!

ဤ MMYO ကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ !

 
Top