လူ့ကမ္ဘာသည်ယခုအခါကဲ့သို့တိုးတက်မူ၊စည်ပင်
မူ၊ယဉ်ကျေးမူများမြင့်မားခြင်းမရှိ၊လူ့ဂုဏ်သိက္ခာ
သည်ပင်မပီပြင်ဝိုးတဝါး၊မှောင်အတိကျနေစဉ်
ဖြစ်သည်။အထူးသဖြင့်ကမ္ဘာ့ အရှေ့အလယ်
ပိုင်းဒေသ၊အာရေဗီးယားတွင်သာပိုဆိုးကာ
လူမျိုးရေးခွဲခြားမူ၊လူတန်းစားခွဲခြားမူ၊ကျား/မ
လိင်ခွဲခြားမူ၊ကြီးနိုင်ငယ်ညှဉ်းပြုမူ၊ကိုယ်ကျင့်
တရာပျက်ပြားမူ၊စသည့်"အဓမ္မဝါဒီ"များထွန်း
ကားနေပေသည်။။
#ထိုစဉ်အာရေဗီးယားဒေသတွင်ပုဂ္ဂိုလ်တစ်ဦး
ပေါ်ထွန်းလာသည်။ထိုပုဂ္ဂိုလ်သည်အမိဝမ်း
တွင်း၌ရှိစဉ်ပင်သူ၏ဖခင်ကွယ်လွန်ခဲ့သည်။
(၅)နစ်သားအရွယ်တွင်မိခင်ကွယ်လွန်ခဲ့လေသည်။
(၁၀)နစ်သားအရွယ်တွင်အုပ်ထိန်းသူဖြစ်သော
အဘိုးကွယ်လွန်ခဲ့ပြန်သည်။ငယ်စဉ်ဘဝတွင်
သိုးဆိတ်ကျောင်းခဲ့ရသည်။အရွယ်ရောက်သော
အခါကူးသန်းရောင်းဝယ်ခဲ့ရသည်။စာပေရေးဖတ်
သင်ကြားခဲ့ရခြင်းလည်းမရှိပေ။
#ထိုပုဂ္ဂိုလ်၏ပတ်ဝန်းကျင်သည်ရိုင်းစိုင်းကြမ်းတမ်း
လင့်ကစား၊ထိုပုဂ္ဂိုလ်သည်နူးညံ့သိမ်မွေ့လှ၏။
ယဉ်ကျေးသည်၊မုသားစကားမည်သည့်အခါမျှ
မဆို၊ကတိတည်သည်၊သစ္စာရှိ၏။ကိုယ်ကျင့်
တရားမြင့်မြတ်လှ၏။ထိုအတွက်အများစုက
ထိုပုဂ္ဂိုလ်ကိုချစ်ခင်ကြသည်၊လေးစားကြသည်၊
ယုံကြည်ကိုးစားကြသည်။မိမိတို့၏အဖိုးတန်
ပစ္စည်းများကိုယုံပုံအပ်နှံကြသည်။
ထိုပုဂ္ဂိုလ်သည်မတရားမူကိုစက်ဆုတ်ရွံရှာ၏။
ဒုက္ခရောက်နေသူများကိုကူညိပံပိုးပေးသည်။
ထိုပုဂ္ဂိုလ်သည်မည်သူကိုမျှဒုက္ခမပေး။သူများ
အတွက်သာဒုက္ခခံသည်။ထိုပုဂ္ဂိုလ်သည်
ထာဝရအရှင်သခင်မှအပ၊မည်သည့်အရာကို
မျှခဝပ်ကိုးကွယ်ခြင်းမပြုပေ။
#ထိုပုဂ္ဂိုလ်သည်အသက်(၄၀)အရွယ်တွင်မိမိ
ဝင်းကျင်ရှိအဓမ္မမူများကိုစက်ဆုတ်ရွံရှာကာ
လူသူကင်းဝေးရာလိုဏ်ဂူတစ်ခုတွင်တစ်ကိုယ်
တည်းဆိတ်ငြိမ်စွာနေလေသည်။အဟာရဖြတ်
တောက်၍စိတ်နှလုးံဖြူစင်အောင်ကျင့်ကြံသည်။
မိမိဝန်းကျင်ရှိအဓမ္မအမှောင်များကိုခွင်း၍
တရားအလင်းဆောင်နိုင်ရန်၊တရားအလင်း
ရောင်ခြည်တော်ကိုရှာခဲ့လေသည်။
#ထိုသို့တရားအလင်းရောင်ကိုအာရုံပြုနေစဉ်
ထဝရအရှင်၏လမ်းမှန်တရားကိုချီးမြှင့်ခြင်းခံ
ခဲ့ရသည်။
ထို့ နောက်ထိုပုဂ္ဂိုလ်သည်လူသားများထံပြန်
လာပြီးအောက်ပါတရားတော်များကိုဟောကြား
ပို့ချခဲ့ပါသည်။
""စကြာဝဠာလောကခပ်သိမ်းတို့အားဖန်ဆင်း
ပြုစုပျိုးထောင်သောမူသော အရှင် တစ်ပါးတည်း
သာရှိကြောင်း""
""ထိုအရှင်အားခဝပ်ကိုးကွယ်ကြရန်နင့်ထိုအရှင်
မှအပအခြားမည်သည့်အရာကိုမျှခဝပ်ကိုးကွယ်
ခြင်းမပြုရန်""
""လူသားအားလုးံသည်တစ်မိတစ်ဖတည်းမှ
ပေါ်က်ဖွားလာကြောင်း၊ထိုကြောင့်လူသားအား
လုးံသည်အခွင့်တူ၊တန်းတူဖြစ်ကြောင်း""
""လူသားများအနက်သာပိုမြင့်မြတ်မူသည်
အသားအရောင်၊အမျိုးအနွယ်၊ဥစ္စာဒန၊လိင်
ကွဲပြားမူတိုနင့်သက်ဆိုင်ခြင်းမရှိပဲ ဖန်ဆင်းရှင်
အားခယရိုကျိုး၍ကိုယ်ကျင့်တရားမြင်မြတ်ခြင်း
အပေါ်တွင်သာမူတည်ကြောင်း""
""သူတစ်ပါးပစ္စည်းအားမတရားစားသုးံခြင်း၊
သူတစ်ပါး၏အသက်အားအကြောင်းမဲ့သတ်
ဖြတ်ခြင်း၊သူတစ်ပါးသားမယားအားကျူးလွန်
စော်ကားခြင်း၊လောင်းကစားခြင်း၊ငွေတိုးစား
ခြင်းစသည့်မကောင်းမူများကိုရှောင်ကျဉ်ကြရန်""
""မိဘနစ်ပါးတို့နင့်၎င်း၊ဆွေမျိုးများနင့်၎င်း၊
မိဘမဲ့များနင်၎င်း၊သူဆင်းရဲများနင့်၎င်း၊မိမိ
ပတ်ဝန်းကျင်ရှိဘာသာတူ၊ဘာသာကွဲ၊လူသား
အားလုးံနင့်၎င်း၊မိတ်ဆွေသင်္ဂဟများနင့်၎င်း၊
လက်အောက်ငယ်သားများနင့်၎င်း၊ကောင်း
မွန်စွာဆက်ဆံရန်၊အလှူဒါနပြုကြရန်၊သမာ
အာဇီဝကောင်းသောအသက်မွေးဝမ်းကျောင်း
ပြုမူရန်""
""လူသားအားလုးံသည်တစ်နေ့တွင်ကွယ်လွန်
သေဆုးံကြရမည်ဖြစ်ပြီး၊ပြန်လည်ရှင်ပြန်ထရ
မည့်နေ့တွင်လည်းအစစ်ဆေးခံကြရလိုက်မည်။
၎င်းနောက်မိမိတို့ပြုမူဆောင်ရွက်ခဲ့ကြသည့်
အတိုင်းကောင်းကျိုး၊ဆိုးကျိုးများကို စံစား၊
ခံစားကြရမည်ဖြစ်ကြောင်းတရားရေအေးတိုက်
ကျွှေးခဲ့လေသည်။
#ထိုပုဂ္ဂိုလ်၏ဟောပြောချက်ကိုအနည်းငယ်
မဆိုစလောက်သောပဂ္ဂိုလ်များမှလွှဲ၍အားလုးံ
ကဆန့်ကျင်ခဲ့ကြ၏။
အထက်ပါတရားကိုဟောကြားသည့်အတွက်
သစ္စာရှင်အဖြစ်မှရန်သူအဖြစ်သို့သတ်မှတ်ခဲ့
ကြပြီးအမျိုးမျိုးဒုက္ခပေးခြင်းကိုခံခဲ့ရပေသည်။။။။
