အိမာမ်ရှင်များအတွက်လက်ဆောင်

0
ဂျန္နသ်တွင် မြတ်နဗီ ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်နှင့် နီးကပ်စွာနေခွင့်ရမည့် နည်းလမ်း
ရဗီအဟ်(ရသွေ့) သခင်က မိန့်တော်မူသည်။ ကျွန်ုပ်သည် ရစူလွလ္လာဟ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ထံ၌ ညတွင် ခစားနေထိုင်သည်။ တဟတ်ဂျွဒ်အတွက် ဝိုဇူရေနှင့် အခြားလိုအပ်သော ဥပမာ- တံပူ၊ မိုဆွလ္လာအခင်း စသည်တို့ကို ထားပေးသည်။

ရစူလ်ကိုယ်တော်သည် ကျွန်ုပ်၏လုပ်ကိုင်ပေးမှုကို နှစ်သက်တော်မူပြီးလိုချင်သည်ကို တောင်းကုန်ဟုမိန့်တော်မူသည်။ ယာ ရစူလလ္လာဟ် ဂျန္နသ်တွင် ကိုယ်တော်နှင့် နီးကပ်စွာနေလိုပါသည်ဟု ကျွန်ုပ်ကလျှောက်သည်။ ရစူလ်ကိုယ်တော်က အခြားအရာ လိုချင်ပါသေးသလားဟု မေးရာ ဤအချက်ပင် လိုလားပါသည်ဟု လျှောက်သဖြင့်မိန့်တော်မူသည်မှာ ကောင်းပြီ စစ်ဂ်ျဒဟ်များစွာဖြင့် ငါရစူလ်အားကူညီကုန်။ (အဘူဒါဝူးဒ်ကျမ်း)
ဤအမိန့်တော်မြတ်တွင် ဒိုအာဖြင့်ပင် တင်းတိမ်ကျေနပ်မနေရန် သတိပေးထားတော်မူသည်သာမက တောင်းဆိုမှုနှင့် အမလ်လည်း လိုအပ်ပေသည်။ အမလ်များတွင် အမြင့်မြတ်ဆုံးသည် နမားဇ်ဖြစ်သည်။ နမားဇ်များစွာဖတ်လေလေ စစ်ဂ်ျဒဟ်များစွာရမည်ဖြစ်ပေသည်။ 
မည်သည့်ပီးရ် မည်သည့်သူတော်ကောင်းကို ဒိုအာပြုခိုင်းမည်ဟူသည့် အတွေးဖြင့် လက်ပိုက်ထိုင်နေသူများသည် လွန်စွာပင် မှားယွင်းလမ်းချော်နေကြသည်။
မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်က လောကဒွန္နယာကို ကိရိယာများဖြင့် ဆက်တွဲထားတော်မူသည်။ ၎င်းဆက်တွဲမှု ကိရိယာမပါဘဲနှင့်လည်း စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်ပေသည်။ ကွဒ်ရသ်စွမ်းဆောင်နိုင်မှုကို ပြသရန်အတွက်လည်း တစ်ခါတစ်ရံ လုံးဝ လွတ်ငြိမ်းချမ်းသာမှုများ ပေးတတ်တော်မူသည်။ သို့သော် အများအားဖြင့် လောကကို လုပ်ဆောင်မှု ကိရိယာဖြင့်သာ တွဲစပ်ထားသည်။
** အံ့သြဖွယ်ရာအချက်မှာ ကျွန်ုပ်တို့သည် လောက၏ လုပ်ငန်းဆောင်တာများတွင် တပ်က်ဒီးရ်နှင့် ဒိုအာအပေါ် ယုံပုံပြီး ဘယ်သောအခါမှထိုင်မနေကြ။ ကြိုးစားရုန်းကန် လုပ်ဆောင်အားထုတ်ကြသည်၊ သို့သော် ဘာသာရေးရာများ၌ တပ်က်ဒီးရ်နှင့် ဒိုအာကိုအလယ်၌ဆွဲသွင်းကြသည်။ **
အရှင့်အချစ်တော် သူတော်စင်များ၏ဒိုအာသည် အရေးကြီးသည်မှာ မှန်သည်။ သို့သော် ရစူလွလ္လာဟ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ကိုယ်တော်၏ အမိန့်တော် စစ်ဂ်ျဒဟ်များစွာဖြင့် ငါရစူလ်၏ဒိုအာကို ကူညီကုန်ဟူသည်ကို မေ့မထားသင့်ကြပေ။
နမားဇ်သည်လည်း တစ်ဖက်မှပြန်ကြည့်လျှင် ဒိုအာပင်ဖြစ်သည်။ အကောင်းဆုံးသော ဒုအာဟုပင် ခေါ်ဆိုနိုင်ပေသည်။ နမားဇ်သည် အိဗာဒသ်အပေါင်းတို့၏ မိခင်ပင်ဖြစ်သည်။ အီမာန်ရှင်အနေဖြင့် အတတ်နိုင်ဆုံး နမာဇ်ငါးကြိမ်ကို စွဲမြဲစွာဖတ်နိုင်ရန် ကြိုးစားနေရမည်ပင်ဖြစ်သည်။
(ဖဇာအိလ်အမလ်ကျမ်းတစ်အုပ်မှ ကောက်နှုတ်ပါသည်။)
အလ်မုဖီးဒ်
Show Comments: OR

Post a Comment

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်!

ဤ MMYO ကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ !

 
Top