♨ ကလိမဟ်ဖတ်ကာ အဓိပ္ပါယ်
အမြဲစိတ်ဝယ်စွဲလို့ ယုံရမယ်။
အမြဲစိတ်ဝယ်စွဲလို့ ယုံရမယ်။
♨ နေ့နှင့်ညမှာ နမာဇ် ပါ
ငါးခါအမြဲပြုရမယ်။
ငါးခါအမြဲပြုရမယ်။
♨ လမြတ် ရမသွာန် ရောက်လေပြန်
အမှန် ရိုဇဟ် စောင့်ရမယ်။
အမှန် ရိုဇဟ် စောင့်ရမယ်။
♨ ထိုက်သင့်သောသူ ဇကားသ် လှူ
မြတ်သူ ဂျန္နသ် လှမ်းပို့ရွယ်
မြတ်သူ ဂျန္နသ် လှမ်းပို့ရွယ်
♨ ပြည့်စုံ ဥစ္စာ မြို့ မက္ကာဟ်
တသက်တစ်ခါသွားရမယ်။
တသက်တစ်ခါသွားရမယ်။
♨ အမြစ်တရားငါးသွယ်သိဖို့ကွယ်
ဖရ်ဇ် တာဝန်ထိုက်ပါတယ်။
ဖရ်ဇ် တာဝန်ထိုက်ပါတယ်။
မှတ်ကွယ်================ မှတ်ကွယ်
Credit
အလ်ဟာဂ်ျ ကာရီ ယူနွတ်စ်(ခ) ဦးကိုကိုကြီး